BOOK DETAILS

ထိုင်းမြန်မာမီးရထားလမ်း ကိုယ့်တွေ့ချွေးတပ်မှတ်တမ်း

Language : မြန်မာ
Publisher :  စိတ်ကူးချိုချို စာအုပ်တိုက်
File Info :  

epub, azw3


ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဂျပန်များ၏ စစ်ရေးစစ်ရာအလိုကျ ဖောက်လုပ်ခဲ့ သည့် ယိုးဒယား - မြန်မာ မီးရထားလမ်းကြီးမှာ ဂျပန်တို့၏ ကြီးမားသော ရာဇဝတ်ပြစ်မှုကြီးတစ်ခု ဖြစ်ခဲ့သည်။ ကမ္ဘာ့ခေါင်းဆောင်များက ထိုလမ်းကို အရှေ့တောင်အာရှ၏ သေမင်းတမန် မီးရထားလမ်း(The Railway of Death) ဟု ခေါ်စမှတ် ပြုခဲ့ကြသည်။ ထိုင်းနိုင်ငံ ဘန်ပေါင်ဘူတာမှ မြန်မာနိုင်ငံ သံဖြူဇရပ် ဘူတာအထိ ၁၇၅ မိုင်ရှည်သော ထိုလမ်းမကြီးဖောက်လုပ်ရာတွင် မြန်မာနိုင်ငံဘက်ခြမ်း ဖောက်လုပ်ခြင်းအတွက် မြန်မာနိုင်ငံ အရပ်ရပ်မှ အလုပ်သမား (ချွေးတပ် သား) များကို အတင်းအဓမ္မခေါ်ယူကာ အသုံးချ ဖောက်လုပ်ခိုင်းခဲ့သည်။ မြန်မာချွေးတပ်သားပေါင်း ၁ သိန်း ၇သောင်းကျော် စုဆောင်းခဲ့ပြီး ရထားလမ်းပြီးသောအခါ ၈ သောင်းကျော်မှာ ကူးစက်ရောဂါ များ၊ ညှင်းပန်းနှိပ်စက်မှုများ၊ အဟာရချို့တဲ့မှုများကြောင့် သေကျေ ပျက်စီးခဲ့သည်။ စာရေးသူသည် သူကိုယ်တိုင် ချွေးတပ်သားအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသူဖြစ်သည်။ ယခုစာအုပ်တွင် သူ၏ ချွေးတပ်သားအတွေ့အကြုံများကို အသေးစိတ် မှတ်တမ်းတင်ရေးထားသည်။ ချွေးတပ်သားအဖြစ် စတင်ဖမ်းဆီးခြင်း ခံရသည့်အချိန်မှစတင်ကာ ရထားဖြင့် သံဖြူဇရပ်သို့ ပို့ဆောင်ခြင်း ခံခဲ့ရပုံ၊ ဂျပန် တို့၏ အံ့မခန်း နှိပ်စက်မှုများ၊ ကျောက်ရောဂါနှင့် ကာလဝမ်းရောဂါများ၏ ကြောက်မက်ဖွယ် ကူး စက်မှုများ၊ ငရဲစခန်း တဖြစ်လဲ တောတွင်းဆေးရုံ၊ ဘဝတူ ယိုးဒယားချွေးတပ်သားများနှင့် ဗြိတိသျှ စစ်သုံ့ပန်းများအကြောင်း၊ တောတွင်း ကျားဆိုး၏ရန်နှင့်တကွ ဘဝတူချွေးတပ်သားများအကြောင်း ကို ရင်နင့်ဖွယ် မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။ ဤစာအုပ်သည် ဂျပန်ဘာသာသို့လည်း ပြန်ဆိုခြင်း ခံခဲ့ရပြီးဖြစ်သည်။ စာရေးသူရေးသားခဲ့သည့် စာအုပ်ပေါင်း ၅၀ ကျော်တွင် ဤစာအုပ် သည် လူသိအများဆုံးနှင့် အရောင်းရဆုံးဖြစ်သည်။ စာရေးသူသည် ဤစာအုပ်ဖြင့် ၁၉၆၈ ခုနှစ် အတွက် အမျိုးသားစာပေဆု (စာပဒေသာ) (ဒုတိယဆု)ကို ရရှိခဲ့သည်။

About Author

လင်းယုန်သစ်လွင်
2 Books

၁၂၇၉ - ခုနှစ်၊ တော်သလင်းလပြည့်ကျော်(၉)ရက်၊ ခရစ်နှစ်-၁၉၁၇-စက်တင်ဘာ(၉)တနင်္ဂနွေနေ့တွင် ဧရာဝတီတိုင်း ညောင်တုန်းမြို့၌ အဖ-ဦးဖိုးလူ၊ အမိ-ဒေါ်နှင်းဦးတို့က ဖွားမြင်သည်။ ညောင်တုန်းမြို့၊ အစိုးရအထက်တန်း ကျောင်းတွင်-အဌမတန်းအထိ ပညာသင်ကြားခဲ့သည်။ စစ်မဖြစ်မီက မော်လမြိုင်မြို့မှ ထုတ်ဝေသော ခေါင်း ဆောင်သတင်းစာတွင် နယ်သတင်းထောက်အဖြစ် ဆောင်ရွက်ခဲ့။

၁၉၄၇ - ဟံသာဝတီနှင့် ဗမာ့ခေတ်-သတင်းစာတွင် နယ်သတင်းထောက်အဖြစ်ဆောင်ရွက်ခဲ့။

၁၉၄၉ - ရန်ကုန်သို့ရောက်ရှိပြီးလင်းယုန်သတင်းစာတွင် အလုပ်သမားသတင်းထောက်လုပ်ရာမှ လင်းယုန် သစ်လွင် ကလောင်အမည်ယူခဲ့သည်။ ထို့နောက်လင်းယုန်ဂျာနယ်၊ ပြည်တော်သစ်ဂျာနယ်၊ လူထုဂျာနယ် တို့တွင် အယ်ဒီတာအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့။ ရှုဒေါင့်ဂျာနယ် အယ်ဒီတာအဖွဲ့ဝင်အဖြစ်လည်း ဆောင်ရွက်ခဲ့ သည်။

၁၉၅၀ - ပြည့်နှစ်၊ စာရေးဆရာအသင်းနှစ်ပတ်လည်စာပေပြိုင်ပွဲတွင်တို့ကျေးရွာဝတ္ထုတိုဖြင့် ဝတ္ထုတိုဆုရရှိခဲ့။

၁၉၅၇ - ၅၈ - ပြည်ထောင်စု မြန်မာနိုင်ငံစာရေးဆရာအသင်း အလုပ်အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့။

၁၉၆၂ - သီတာသောင်ခြေဦးလုံးချင်းဝတ္ထုဖြင့် အနုပညာစာပေ ဝတ္ထုရှည်ဆုရရှိ။

၁၉၆၈ - ယိုးဒယား မြန်မာ မီးရထားလမ်း ကိုယ်တွေ့ချွေးတပ်မှတ်တမ်း စာအုပ်ဖြင့် အမျိုးသားစာပေ၊ စာပ ဒေသာဆုရရှိခဲ့။

၁၉၇၁ - ဓမ္မဝိလာသ လုံးချင်းဝတ္ထုရှည်ဖြင့် အမျိုးသားစာပေ ဝတ္ထုရှည်ဆုရရှိခဲ့။ စာရေးဆရာကြီးလင်းယုန် သစ်လွင်သည် ၁၉၅၂-ခုနှစ်မှ ၁၉၈၆-ခုနှစ်အထိ-လုံးချင်းစာအုပ်(၇၀)ရေးသားခဲ့သည်။

၁၉၉၃ - ဩဂုတ်လ(၂၁)ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

0 Reviews