BOOK DETAILS

ဓမ္မဝိလာသ

Language : မြန်မာ
Publisher :  စိတ်ကူးချိုချို စာအုပ်တိုက်
Pages :  486
File Info :  

epub, azw3


နယ်ချဲ့အင်္ဂလိပ်နဲ့ဂျပန်တွေ ကြီးစိုးတဲ့ခေတ်ကာလမှာ ဧရာဝတီမြစ်ကို အမှီပြုပြီး တံငါလုပ်ငန်းလုပ်ကိုင်အသက်မွေးကြတဲ့ ရွာသူရွာသားတွေအပြင် ဇာတ်ကောင်အမျိုးစုံနဲ့ ဇာတ်အိမ်တည်ထားပြီး ခေတ်ကာလအခြေအနေထဲက ဇာတ်ကောင်တွေရဲ့ ဘဝနဲ့ကြုံတွေ့ရမှုတွေ၊ လူတွေရဲ့ သဘောသဘာဝတွေ၊ ကျိုးကြောင်းဆက်စပ်မှုတွေ၊ တွေးခေါ်မျှော်မြင်မှုပိုင်းဆိုင်ရာတွေပါဝင်တဲ့ ယုတ္တိကျကျ ရေးသားထားတဲ့ မြန်မာဝတ္ထုရှည်ဖြစ်ပြီး ၁၉၇၁ ခုနှစ်မှာ အမျိုးသားစာပေဆုလည်း ရရှိထားတဲ့ စာအုပ်ကောင်းတစ်အုပ်။

About Author

လင်းယုန်သစ်လွင်
2 Books

၁၂၇၉ - ခုနှစ်၊ တော်သလင်းလပြည့်ကျော်(၉)ရက်၊ ခရစ်နှစ်-၁၉၁၇-စက်တင်ဘာ(၉)တနင်္ဂနွေနေ့တွင် ဧရာဝတီတိုင်း ညောင်တုန်းမြို့၌ အဖ-ဦးဖိုးလူ၊ အမိ-ဒေါ်နှင်းဦးတို့က ဖွားမြင်သည်။ ညောင်တုန်းမြို့၊ အစိုးရအထက်တန်း ကျောင်းတွင်-အဌမတန်းအထိ ပညာသင်ကြားခဲ့သည်။ စစ်မဖြစ်မီက မော်လမြိုင်မြို့မှ ထုတ်ဝေသော ခေါင်း ဆောင်သတင်းစာတွင် နယ်သတင်းထောက်အဖြစ် ဆောင်ရွက်ခဲ့။

၁၉၄၇ - ဟံသာဝတီနှင့် ဗမာ့ခေတ်-သတင်းစာတွင် နယ်သတင်းထောက်အဖြစ်ဆောင်ရွက်ခဲ့။

၁၉၄၉ - ရန်ကုန်သို့ရောက်ရှိပြီးလင်းယုန်သတင်းစာတွင် အလုပ်သမားသတင်းထောက်လုပ်ရာမှ လင်းယုန် သစ်လွင် ကလောင်အမည်ယူခဲ့သည်။ ထို့နောက်လင်းယုန်ဂျာနယ်၊ ပြည်တော်သစ်ဂျာနယ်၊ လူထုဂျာနယ် တို့တွင် အယ်ဒီတာအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့။ ရှုဒေါင့်ဂျာနယ် အယ်ဒီတာအဖွဲ့ဝင်အဖြစ်လည်း ဆောင်ရွက်ခဲ့ သည်။

၁၉၅၀ - ပြည့်နှစ်၊ စာရေးဆရာအသင်းနှစ်ပတ်လည်စာပေပြိုင်ပွဲတွင်တို့ကျေးရွာဝတ္ထုတိုဖြင့် ဝတ္ထုတိုဆုရရှိခဲ့။

၁၉၅၇ - ၅၈ - ပြည်ထောင်စု မြန်မာနိုင်ငံစာရေးဆရာအသင်း အလုပ်အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့။

၁၉၆၂ - သီတာသောင်ခြေဦးလုံးချင်းဝတ္ထုဖြင့် အနုပညာစာပေ ဝတ္ထုရှည်ဆုရရှိ။

၁၉၆၈ - ယိုးဒယား မြန်မာ မီးရထားလမ်း ကိုယ်တွေ့ချွေးတပ်မှတ်တမ်း စာအုပ်ဖြင့် အမျိုးသားစာပေ၊ စာပ ဒေသာဆုရရှိခဲ့။

၁၉၇၁ - ဓမ္မဝိလာသ လုံးချင်းဝတ္ထုရှည်ဖြင့် အမျိုးသားစာပေ ဝတ္ထုရှည်ဆုရရှိခဲ့။ စာရေးဆရာကြီးလင်းယုန် သစ်လွင်သည် ၁၉၅၂-ခုနှစ်မှ ၁၉၈၆-ခုနှစ်အထိ-လုံးချင်းစာအုပ်(၇၀)ရေးသားခဲ့သည်။

၁၉၉၃ - ဩဂုတ်လ(၂၁)ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

0 Reviews