BOOK DETAILS

သူစိတ်ဓါတ်ကျတိုင်းဖတ်ဖို့

Language : မြန်မာ
Publisher :  Myamnar Heritageစာပေ
Pages :  117
File Info :  

epub, azw3


စာရေးသူ၏အမှာစာ

‘‘ဒီစာအုပ်လေးကို ၂၀၁၆ ခုနှစ်၊ မေလမှာ စတင်ထုတ်ဝေခဲ့တာဖြစ်ပြီး ယခုအချိန်မှာတော့ နှစ်နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး စာအုပ်လေးဖြစ်ခဲ့ပြီး အကြိမ်ကြိမ်ပြန်လည်ထုတ်ဝေခဲ့ရပါတယ်။ ဒီစာအုပ်လေး ကြောင့် စိတ်ဓာတ်ခွန်အားတွေရရှိခဲ့တဲ့ စာဖတ်သူတွေဆီက ကျေးဇူးတင် စကားတွေကို Facebook ကတစ်ဆင့်သိခဲ့ရလို့ ဝမ်းသာမိပါတယ်။ ဒီစာအုပ် လေးဟာ သင်စိတ်ဓာတ်ကျတဲ့အခါတိုင်း သင့်အနားမှာ အားကိုးရတဲ့ အဖော် တစ်ယောက်အဖြစ် ရှိနေနိုင်မယ်လို့လည်း ကျွန်တော် အပြည့်အဝ ယုံကြည်ပါ တယ်။

ဒီစာအုပ်လေးကို အကြိမ်ကြိမ်ပြန်လည်ရိုက်နှိပ် ထုတ်ဝေရအောင် အား ပေးကြတဲ့ စာဖတ်ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီစာအုပ်လေး ကို သင်စိတ်ဓာတ်ကျတဲ့အချိန်တိုင်း တစ်ခန်းချင်းစီဖတ်သွားဖို့ အကြံပေး ချင်ပါတယ်။ သင့်ရဲ့ကျနေတဲ့စိတ်ဓာတ်တွေ ပြန်လည်နိုးကြားတက်ကြွလာပြီး ဘဝမှာ အောင်မြင်တဲ့သူတွေဖြစ်လာဖို့ ဒီစာအုပ်လေးက အကူအညီပေးနိုင် လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အားလုံးပဲ ဒီစာအုပ်လေးကို ဖတ်လိုက်တဲ့ အချိန်တိုင်း စိတ်ဆင်းရဲစရာတွေ ပျောက်ကွယ်ပြီး စိတ်ချမ်းသာမှုတွေ ရရှိနိုင် ကြပါစေ။’’

0 Reviews