BOOK DETAILS

ဖြစ်လေရာဘဝကွယ်

Language : မြန်မာ
Publisher :  https://t.me/mmebooks
File Info :  

Epub, kfx


About Author

ဗန်းမော်တင်အောင်
2 Books

ပဲခူးမြို့တွင်အဖ ကျောင်းဆရာ ဦးနေ၊ အမိ ဒေါ်စောမြိုင် တို့က ၁၉၂ဝ ပြည့်နှစ် ဇွန်လ ၉ ရက်နေ့တွင် ဖွားမြင် ခဲ့သည်။ မွေးချင်း သုံးယောက်တွင် အကြီးဆုံး ဖြစ်သည်။ ဇာတာအမည် မောင်တင်ဦး၊ အမည်ရင်းမှာ ဦးတင်အောင် ဖြစ်သည်။ ဗန်းမော်တင်အောင်၏ ကလောင်ခွဲ များမှာ ဆီမီးခွက်၊ တင်ဦး၊ မောင်တင်အောင်၊ မောင်အေးသွင်၊ တင်အောင် (ဟိုက်စကူး ကျောင်းသား)၊ ဦးတင်အောင် (အယ်ဒီတာ)၊ ထွန်းလင်း၊ မဟာအောင်၊ မောင်မောင်လတ်၊ မောင်ရေချမ်း၊ လင်းယုန် နှင့် လင်းယုန် (ဗမာနိုင်ငံ) တို့ ဖြစ်ကြသည်။ ဖဆပလ အစိုးရ ခေတ်တွင် စာပေ အရေးအသားကြောင့် ၁၉၅၂ ဩဂုတ်လ ၂၉ ရက်နေ့မှ ၁၉၅၇ ဇန်နဝါရီလ ၄ ရက်နေ့ အထိ (စုစုပေါင်း ၄ နှစ် ၄ လ ၆ ရက်) ပထမဆုံး အဖမ်း ခံရသူ ဖြစ်ခဲ့သည်။ ၁၉၅၈ နိုဝင်ဘာလထုတ် လင်းယုန် ဂျာနယ်ပါ အရေးအသားကြောင့် ၁၉၅၉ ခုနှစ် ကနေ ၁၉၆၂ ထိ ၂ နှစ်ကြာ ထပ်မံ ဖမ်းဆီး ခံရပြန်သည်။ တဖန် ၁၉၅၆ မှ ၁၉၇၂ ထိ စာပေ အရေးအသားကြောင့် ကိုကိုးကျွန်းတွင် ၅ နှစ်နှင့် အင်းစိန် ထောင်၌ ၂ နှစ်ခန့် အကျဉ်း ချထား ခံရ ပြန်သည်။ အကျဉ်းထောင်နှင့် ကိုကိုးကျွန်းတွင် စုစုပေါင်း ၁၃ နှစ်မျှ နေထိုင်ခဲ့ရသည်။

စာပေ လောကသို့ ပထမဆုံး ဝင်ရောက် လာသည်မှာ ၁၉၃၈ တွင် ဖြစ်သည်။ 'မောင်တင်အောင်' ကလောင် အမည်ဖြင့် ရေးသားသော "ဘုန်း မေ့နိုင်ဘူး" ဝတ္ထု နှင့်ပင် ဖြစ်သည်။ ထို့နောက် 'မြန်မာ့ ရုပ်ရှင်'၊ 'ဘားမား ဂျာနယ်'၊ 'မြန်မာ့ တာဝန်' မဂ္ဂဇင်း များတွင် 'မောင်တင်အောင်၊ ဟိုက်စကူးကျောင်း၊ ရန်ကုန်' အမည်ဖြင့် ဝတ္ထုများ ရေးခဲ့သည်။ ၁၉၃၉ တွင် 'မဟာအောင်' ကလောင် အမည်ဖြင့် 'ဂျာနယ်ကျော်' တွင် "စစ်ထွက် ယောက်ျား" ဝတ္ထုတိုကို ရေးသား ခဲ့သည်။ ၁၉၄၉ နိုဝင်ဘာ 'ဂျာနယ်ကျော်' တွင် 'ဗန်းမော် တင်အောင်' ကလောင် အမည် စယူပြီး "နော်မူဂေး" ဝတ္ထုတိုကို ရေးခဲ့သည်။ ဗန်းမော်မြို့တွင် ပညာ သင်ကြားခဲ့ ရသည်ကို စိတ်၌ စွဲမှတ်ကာ ကလောင် နာမည်တွင် 'ဗန်းမော်' ထည့်ယူ ခဲ့သည်။ ဗန်းမော် တင်အောင် ကလောင် အမည်ဖြင့် ပထမဆုံး ထုတ်ဝေပြီး ထင်ရှား ကျော်ကြား ခဲ့သော လုံးချင်းဝတ္ထုမှာ "ဘုန်းမောင် တယောက်ထဲရယ်" ဖြစ်သည်။

0 Reviews