BOOK DETAILS

ထက်မြက်တဲ့ဓါးသွားပေါ်ကချိုမြမြပျားရည်စက်

Publisher :  https://t.me/mmebooks
File Info :  

epub, kfx


The biography of a well-known doctor in Burma, Narga Thein Hlaing. The doctor was graduated from Yangon Medical College and while he was working in Mandalay hospital, a miracle happened and his life started to change. He was sent to Khamti town in Narga mountains, Chin state, which was the total outskirt of Burma. This book portrayed all the experiences, hardships, joy, friendship and memories he made with honest and pure Narga people on the mountains.

About Author

ညီပုလေး
2 Books

၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅ နေ့တွင် မန္တလေးမြို့၌ အဖ လူထု ဦးလှ ၊ အမိ လူထု ဒေါ်အမာတို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ငြိမ်းချမ်း (ခေါ်) ဘိုညို ဖြစ်သည်။ မွေးချင်းများတွင် ပဉ္စမမြောက် ဖြစ်၍ အငယ်ဆုံးလည်း ဖြစ်သည်။ သားသမီးငါးဦးထဲတွင် အငယ်ဆုံးဖြစ်၍ ကလောင်အမည်တွင် `ညီပုလေး´ဟူသောအမည်ကို သုံးစွဲခဲ့သည်။ ငယ်စဉ်က မန္တလေးမြို့ စိန့်ပီတာ အထက်တန်းကျောင်းတွင် မူလတန်းမှ တက္ကသိုလ်ဝင်တန်း အထိ ပညာ သင်ကြားခဲ့သည်။ မန္တလေး ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်မှ သိပ္ပံဘွဲ့ကို ဘူမိဗေဒ ဘာသာရပ်ဖြင့် ရရှိခဲ့သည်။၁၉၈၅ ခုနှစ်ထုတ် စံပယ်ဖြူ မဂ္ဂဇင်းတွင် လျက်ဆားတတို့ ဝတ္ထုကို စတင် ဖော်ပြခြင်း ခံရပြီး မဂ္ဂဇင်းများတွင် ဝတ္ထုတိုများ ဆက်လက် ရေးသားခဲ့သည်။

၁၉၈၉ ခုနှစ်တွင် သူငယ်ချင်းများနှင့်အတူ ထီးပေါင်းကား စာအုပ်တိုက် ကို ၃၂-လမ်းနှင့် ၃၃-လမ်းကြား၊ ၈၄-လမ်း၊ လက်ဆည်ကန်အရပ်တွင် တည်ထောင်ခဲ့သည်။

ပထမဦးဆုံး လုံးချင်းဝတ္ထုတို စာအုပ်မှာ သူထက်ကဲ၊ ရွှေပြည်စိုး၊ ညီပုလေး (၁၉၈၉ မတ်၊ လူထု ကြီးပွားရေး စာအုပ်တိုက်) ဝတ္ထုကို ရေးသား ထုတ်ဝေခဲ့ပြီးနောက် မြန်မာပြည်တွင် ပထမဆုံး ကွန်ပျူတာ စာစီစာအုပ် ဖြစ်တဲ့ ကလေး လူကြီးကြိုက်ပြီး ချစ်ကြပါတဲ့ ညီပုလေး ဝတ္ထုတိုများ (၁၉၉ဝ စက်တင်ဘာ၊ လူထု ကြီးပွားရေး စာအုပ်တိုက်)၊ လမင်းရဲ့ ချိုသာတဲ့ လက်ခုပ်သံ ၊ တကြောင်းဆွဲ ကလေးပန်းချီနှင့် အခြား ဝတ္ထုတိုများ ၊ လူအ အိပ်မက် ဝတ္ထုတိုများ အပြင် ခရီးသွား ဆောင်းပါး အဖြစ် လီဒို ဟူးကောင်း မင်ခြစ်မှတ်စုများ စာအုပ်တို့မှာ ထင်ရှားသည်။

ထို့ပြင် မြေးသူကြီး ဝတ္ထုနှင့် ၂ဝဝ၆ ခုနှစ်တွင် ငြိမ်သက် တစ်မိနစ်နှင့် အခြား ဝတ္ထုတိုများ စာအုပ်ကိုလည်း ရေးသား ထုတ်ဝေခဲ့ပါသည်။ ၂ဝဝ၆ နှစ်က မိုးကုတ်မြို့၊ သဟာယ စာကြည့်တိုက်ရဲ့ ပထမဦးဆုံး သဟာယ စာပေဆုကို (ငြိမ်သက်တစ်မိနစ်နှင့် အခြား ဝတ္ထုတိုများ) စာအုပ်ဖြင့် ရရှိခဲ့ပါသည်။ အမျိုးသားစာပေဆုကို ‘ထက်မြက်သောဓားသွား ပေါ်က ချိုမြမြပျားရည်စက်’ စာအုပ်ဖြင့် ၂၀၁၆ ခုနှစ်အတွက် ရရှိခဲ့သည်။

0 Reviews