BOOK DETAILS

ရေနံ့သာခင်ခင်ကြီး

Language : မြန်မာ
File Info :  

pdf, mobi, epub, kfx, azw3


အမှန်တော့ ဤဝတ္ထုသည် လူလတ်တန်းစားနှင့် အထက်တန်းစားတို့၏ ဘဝကို အခြေပြုသော မိသားစုနှစ်ခု၏ ကံကြမ္မာ လှည့်စားမှုနှင့် သံသယကို အခြေပြုသော စိတ်လှုပ်ရှားဆွတ်ပျံ့ဖွယ်ရာ ဝတ္ထုရှည်ကြီး တစ်ပုဒ် ဖြစ်သည်။ ..... စာရေးသူ၏ အရေးသားမှာလည်း စာဖတ်သူအား ညှို့ယူနိုင်စွမ်းရှိသည်။ ဇာတ်လမ်း၏အဓိကအားပြိုင်မှုကို ဖြစ်စေသော ဇာတ်ကောင်တို့၏ စရိုက်ကိုခြယ်မှုန်းရာတွင်လည်း ပီပြင်ပေါ်လွင်လှပေသည်။

ဤဝတ္ထုတွင် ရေနံမြေအလုပ်သမားတို့၏ ဘဝနှင့်တိုက်ပွဲကို ပီပြင်စွာ သရုပ်ဖော်ထားခြင်း မရှိသော်လည်း၊ ရေနံလုပ်ငန်းနှင့် ရေနံလုပ်သားတို့၏ ဘဝတိုက်ပွဲကို အသိပေးသည့် စံနစ်ဖြင့် စာရေးဆရာက ဖော်ပြထားပါသည်။ ထို့ပြင် လွတ်လပ်ရေးအတွက် ကြိုးပမ်းအားထုတ်မှုနှင့် တော်လှန်ရေးလမ်းကြောင်းကိုလည်း ကြားဖြတ်ဖောက်သည်ချ ထားပါသည်။ ဤသည်မှာ စာရေးသူ၏ စေတနာဖြစ်ပါသည်။ စာရေးသူ ရပ်တည်သည့်ဘက်ကို အမြွက်မျှ ဖော်ထုတ်ရေး သားခြင်း ဖြစ်ပါသည်။ ... ရေနံ့သာခင်ခင်ကြီးသည် တစ်စုံတစ်ခုသော အတိုင်းအတာအထိ အောင်မြင်သော မြန်မာဝတ္ထုရှည်ကြီး တစ်ပုဒ် ဖြစ်ပါသည်။

မလိခ စာရေးဆရာ မလိခ(နတ်နွယ်)

Many incidents. full of colour , and perhaps some quite imperssionable charcters, covering the period spanning the war years Yenatha is evidently a work of some stature, and its author has evidently some substantial work on it.

TET TOE

1 Review



Nay Win
3 months ago

ဆရာဒီစာအုပ် အရမ်း ကောက်းပါ တယ်