1
Book
ဦးသန့်ကို ဝါရင့်သံတမန်နဲ့ အုပ်ချုပ်ရေးသမားကောင်းအဖြစ် သိသူများကြပါတယ်။
ဒါပေမဲ့ သူဟာ နာမည်ရ စာရေးဆရာကောင်းတယောက်နဲ့ ပညာရေးဝန်ထမ်းကောင်းတဦးဆိုတာကိုတော့ လူတွေက မှတ်မိတာ နည်းပါတယ်။
သူကွယ်လွန်ပြီးနောက် ဈာပနမှာ ဖြစ်ပွားခဲ့တဲ့ အရေးအခင်းကြောင့် စာနယ်ဇင်းတွေမှာ သူ့အကြောင်းရေးသားပြောဆိုတာ၊ သူ့စာပေတွေ ပုံနှိပ်ဖော်ပြတာတွေ နည်းပါးသွားတဲ့အတွက် ဖြစ်ပါတယ်။ တကယ်က ဦးသန့်ဟာ ဒုတိယကမ္ဘာစစ်ကြီး မတိုင်ခင် ၁၉၃ဝ ကျော်ကတည်းက စာရေးဆရာ ဖြစ်ခဲ့တာပါ။
တက္ကသိုလ် အသိုင်းအဝိုင်းက ထုတ်တဲ့ ဂန္ထလောကမဂ္ဂဇင်းကနေ သူရိယ၊ ကြီးပွားရေးစတဲ့ ပြင်ပမဂ္ဂဇင်းတွေမှာပါ ရေးခဲ့ပါတယ်။
ဒီထဲမှာ စလေအညာက ပြွေဆရာဆိုတဲ့ ကဗျာဘာသာပြန်နဲ့ သူထင်ရှားခဲ့သလို သူနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာမယ့် သခင်အောင်ဆန်းတို့ နှစ်ယောက် မဂ္ဂဇင်းစာမျက်နှာတွေမှာ အပြန်အလှန် ဆောင်းပါးတွေရေးပြီး ကျောင်းဝတ်စုံ ရှိသင့်မရှိသင့် ဆွေးနွေးခဲ့ကြတာကလည်း ထူးခြားခဲ့ပါတယ်။
1 Review
ဒလဘန်း
9 months agoသခင်အောင်ဆန်းနဲ့ မဂ္ဂဇင်း စာမျက်နှာတွေမှာ အပြန်အလှန် ရေးခဲ့ကြတဲ့ “ကျောင်းဝတ်စုံ ရှိသင့်/မရှိသင့်” ဆွေးနွေးချက် ဆောင်းပါးတွေကိုလည်း ဖတ်ချင်ပါတယ်ဗျာ…။