BOOK DETAILS
မြန်မာပြည် စုံထောက်လောကရဲ့ အတော်ဆုံးစုံထောက်၊ မျက်နှာဖြူအရာရှိတွေကို ပမာမခန့် ပြောဆိုဆက်ဆံတတ်တာကြောင့် ဘယ်တော့မှ ရာထူးမတိုးခဲ့ပေမဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ဥစ္စာ လုံခြုံရေးအတွက် မျက်နှာဖြူလက်အောက်မှာ စုံထောက်တစ်ယောက်အဖြစ် အလုပ်လုပ်နေခဲ့သူ၊ ပြည်သူ့အချစ်တော် ဥပဒေဘက်တော်သား ဆားပုလင်းနှင်းမောင်။ ဆားပုလင်းနှင်းမောင် လိုက်ခဲ့တဲ့ အမှုတွေထဲကမှ မြိုင်မဟာ မမြလေးအမှုဟာ ခက်ခဲနက်နဲပြီး မြန်မာပြည်စုံထောက်အဖွဲ့တစ်ဖွဲ့လုံး ခေါင်းခြောက်ခဲ့ရတဲ့ အမှုပါပဲ။ ဒီအမှုရဲ့ အဓိက တရားခံ အငြိမ့်မင်းသမီး မမြလေးနဲ့ ဆားပုလင်းနှင်းမောင်ကို ဖူးစာဆုံစေချင်ကြတာ ဒီစာအုပ်ကို ဖတ်ဖူးသူတိုင်းပါပဲ။ မမြလေးကလည်း ‘ကိုနှင်းမောင်လို ယောက်ျားမျိုးကိုမှ မရရင် ဒီတစ်သက် အိမ်ထောင်မပြုတော့ပါဘူး’ လို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့တယ်မဟုတ်လား။ ဆားပုလင်းနှင်းမောင်က မမြလေးစကားကို ဘယ်လို တုံ့ပြန်ခဲ့သလဲ၊ ချောမောလှပပြီး နာမည်ကျော်ကြားတဲ့ အငြိမ့်မင်းသမီး မြိုင်မဟာမမြလေးရဲ့ ဘဝနောက်ကြောင်းမှာ ဘယ်လို နာကြည်းမှုတွေ ရှိခဲ့မလဲ၊ လူသတ်မှုတွေရဲ့ ကွင်းဆက်တွေကို ဆားပုလင်းနှင်းမောင်က ဘယ်လို သဲလွန်စကောက်ပြီး တရားခံကို လက်ထိပ်ခတ်ခဲ့သလဲ ဆိုတာတော့ ဆရာမင်းသိင်္ခရဲ့ နာမည်ကျော်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ ဆားပုလင်းနှင်းမောင်နှင့် မြိုင်မဟာ မမြလေး လျှို့ဝှက်သည်းဖို မှုခင်းစုံထောက်ဝတ္ထုရှည်မှာ ဖတ်ရှုရင်း ဉာဏ်ကစားကြပါစို့။
0 Reviews