BOOK DETAILS

နှစ်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်တဲ့မိန်းမတစ်ယောက်

Language : မြန်မာ
File Info :  

epub, kfx


About Author

နုနုရည်(အင်းဝ)
3 Books

နုနုရည် (အင်းဝ) သည် မြန်မာအမျိုးသမီး စာရေးဆရာတစ်ဦး ဖြစ်သည်။ မြန်မာမင်းနေပြည်တော်ဟောင်း မြို့တစ်မြို့ဖြစ်သော အင်းဝမြို့တွင် ဦးဘမော်၊ ဒေါ်တင်ရွှေတို့မှ ၁၉၅၇ ခုနှစ်၊ မေလ ၁၈ ရက် စနေနေ့တွင် မွေးဖွားခဲ့သည်။ မောင်နှမ ၄ ဦးရှိသည့်အနက် သမီးဦးဖြစ်သည်။ ယခုအခါ နုနုရည် (အင်းဝ) သည် သရုပ်မှန်စာပေ၊ ပြည်သူ့အကျိုးပြု စာပေများရေးသားရင်းဖြင့် ခင်ပွန်းဖြစ်သူ ဦးအောင်ကျော်တိုး လက်ထောက်ကထိက၊ စိတ်ပညာဌာန၊ ရန်ကုန်တက္ကသိုလ် (ပင်မ) နှင့်အတူ လှိုင်တက္ကသိုလ်နယ်မြေ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်။ ၁၉၈၄ ခုနှစ် မတ်လထုတ် ပေဖူးလွှာမဂ္ဂဇင်းတွင် ထဘီလေးတစ်ထည် ဝတ္ထုတိုဖြင့် စာပေလောကသို့ စတင်ဝင်ရောက်လာသည်။ ယင်းဝတ္ထုတိုကိုလည်း ဂျပန်နိုင်ငံ တိုယိုတာဖောင်ဒေးရှင်းမှ ဂျပန်ဘာသာသို့ ပြန်ဆို ထုတ်ဝေခဲ့သည်။ ဝတ္ထုရေးသားရာတွင် စာပေသည် ခေတ်ကြေးမုံပြင် သရုပ်မှန်ဟူသော အယူအဆကို လက်ခံယုံကြည်စွာဖြင့် အကျိုးပြု ရေးသားလျက်ရှိသည်။ ဝတ္ထုတိုများစွာ၊ ဝတ္ထုရှည် ၁၂ အုပ်၊ ဝတ္ထုတိုပေါင်းချုပ် ၄ အုပ် ရေးသားထုတ်ဝေပြီး ဖြစ်သည်။

0 Reviews