BOOK DETAILS

ငဘ

Language : မြန်မာ
File Info :  

epub, kfx, mobi, azw3


About Author

မောင်ထင်
1 Book

မောင်ထင် (၂၁ မတ် ၁၉၀၉–၂၉ ဇန်နဝါရီ ၂၀၀၆) သည် မြန်မာအမျိုးသား စာရေးဆရာတစ်ဦး ဖြစ်သည်။ ၁၉၀၉ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အဖ ဦးတရောင်၊ အမိ ဒေါ်စိန်ပွင့် တို့မှ ဧရာဝတီတိုင်း လပွတ္တာမြို့၌ ဖွားမြင်သည်။ အမည်ရင်းမှာ ဦးထင်ဖတ် ဖြစ်သည်။ ၁၉၃၅ တွင် မြောင်းမြမြို့ တိုင်းရင်းသား အထက်တန်းကျောင်းတွင် အထက်တန်းပြဆရာ လုပ်ခဲ့သည်။ ၁၉၃၆-၁၉၄၂ ခုနှစ်တွင် မြို့ပိုင်၊ ၁၉၄၃-၁၉၄၄ ခုနှစ်တွင် နိုင်ငံခြားရေးဌာန လက်ထောက်အတွင်းဝန်၊ ၁၉၄၄-၁၉၄၅ ခုနှစ်တွင် သတင်းနှင့်ဝါဒဖြန့်ချိရေးဌာန ဒုတိယအတွင်းဝန်၊ ၁၉၄၆-၁၉၄၇ ခုနှစ်တွင် အသံလွှင့်ဌာန ညွှန်ကြားရေးဝန်၊ ၁၉၄၇-၁၉၄၉ ခုနှစ်တွင် လူမှုဝန်ထမ်းဝန်ကြီးဌာန (ခေတ္တ) ရခိုင်တိုင်းမင်းကြီး၊ ၁၉၄၉ ခုနှစ်တွင် ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူး အဖြစ် အမှုထမ်းခဲ့ပြီး အစိုးရအမှုထမ်းဘဝမှ နုတ်ထွက်ခဲ့သည်။

၁၉၅၀-၅၅ ခုနှစ်တွင် ရန်ကုန်သတင်းစာ အုပ်ချုပ်မှုအယ်ဒီတာ၊ ၁၉၅၅-၅၈ ခုနှစ်တွင် စာပေဗိမာန် စွယ်စုံကျမ်း အတိုင်ပင်ခံ၊ ၁၉၅၇-၇၇ တွင် လန်ဒန်တိုင်း သတင်းထောက်နှင့် အလွတ်သတင်းစာဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၅၄ ခုနှစ်တွင် မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၁၉၅၉ တွင် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ အချိန်ပြည့်အဖွဲ့ဝန်အဖြစ် တာဝန်ပေးခြင်းခံရသည်။ ထို့အပြင် ရန်ကုန်တက္ကသိုလ် သမိုင်းဌာနတွင် သမိုင်းဖြစ်ရပ်မှန် ပြုစုရေးအဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၄၇ ခုနှစ်တွင် ငဘ ဝတ္ထုကို တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန် ဘာသာများဖြင့် ပြန်ဆိုထုတ်ဝေခံခဲ့ရသည်။ ၁၉၉၃ ခုနှစ်မှစ၍ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် စာအမျိုးမျိုး ရေးသားပြုစုခဲ့သည်။

0 Reviews