BOOK DETAILS

ယောနသံဇင်ယော်

Language : မြန်မာ
File Info :  kfx

About Author

ဦးဘသန်း(ဓမ္မိက)
1 Book

မော်ကွန်းဝင် (ဒုတိယအဆင့်)နှင့် နိုင်ငံဂုဏ်ရည်ဘွဲ့ (ပထမဆင့်)ရ ရသရေစည်သူ အငြိမ်းစား ဗိုလ်မှူးကြီးဘသန်းကို ရန်ကုန်မြို့၊ မင်္ဂလာ‌တောင်ညွန့်မြို့နယ်၌ အဖ ဦးအေးမောင်၊ အမိ ဒေါ်သိန်းရင်တို့က ၁၉၁၄-ခုနှစ်၊ ဩဂုတ်လ (၆)ရက်နေ့တွင် မွေးဖွားသည်။ ဘသန်း (ဓမ္မိက)ကလောင်အမည်ဖြင့် စာပေများ ရေးသားခဲ့သောကြောင့် ဓမ္မိက ဦးဘသန်းဟု လူသိများခဲ့သည်။ ဦးဘသန်း ကျောင်းသားဘဝကပင် ဂန္ထလောက မဂ္ဂဇင်း၌ 'အဆွေသန်း' ကလောင်အမည်ခံ၍ ကဗျာများ ဆောင်းပါးများကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည်။ ဗြိတိသျှကိုလိုနီခေတ်အတွင်း ပထမဆုံးထုတ်ဝေခဲ့သော အားကစားနှင့် စာပေမဂ္ဂဇင်းဖြစ်သည့် 'ဘဝသစ်မဂ္ဂဇင်း'(New Life)ကို မြဒေါင်းညို (ဒေါက်တာအောင်သိန်း) နှင့် မစ္စတာဖရင့်ဟက်ကင်း (မြန်မာနိုင်ငံ ကျန်းမာရေးနှင့် ကြံ့ခိုင်ရေးအသင်း အတွင်းရေးမှူး)တို့နှင့်အတူ အယ်ဒီတာအဖြစ် ဆောင်ရွက်၍ ထုတ်ဝေခဲ့သည်။ ထို့ကြောင့် ၁၉၆၇ ခုနှစ်တွင် O.M (Open Mind) စာစောင်ကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သည်။

ဦးဘသန်း (ဓမ္မိက) သည် သမိုင်းကော်မရှင်အဖွဲ့ဝင်၊ လောကနတ်အလှပညာဆိုင်ခန်း၏ အကျိုးဆောင်ဦးစီး(၁)နှင့် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့သည်။

0 Reviews