BOOK DETAILS

ပင်လယ်ဝံပုလွေ

Language : မြန်မာ
File Info :  epub,

About Author

ညွန့်ကြူး
1 Book

ပဲခူးတိုင်း မင်းလှမြို့ မိုးညိုတန်း၌ အဖ လမ်းအရေးပိုင် ဦးဘကြူး၊ အမိ ဒေါ်တင်ရွှေ တို့က ၈ ဩဂုတ် တနင်္လာနေ့တွင် မွေးဖွားသည်။ မွေးချင်း သုံးယောက်တွင် ဒုတိယသား၊ အမည်ရင်း ဦးမောင်မောင်ညွှန့် ဖြစ်သည်။ ၁၆ စက်တင်ဘာ ၁၉၄၆ ဒီးဒုတ်ဂျာနယ်တွင် 'စာဆိုလုလင်' ကလောင်အမည်ဖြင့် ကဗျာ စတင်ရေးသည်။ ၁၉၅၁ တွင် 'မင်းလှ ညွန့်ကြူး' ကလောင် အမည်ကို စတင်အသုံးပြုသည်။ နောက်ပိုင်းတွင်မူ 'ညွန့်ကြူး' သို့ ပြောင်းသုံးသည်။ ဘုံကလောင် 'နွယ်သစ်'တွင် တဦး အပါအဝင် ဖြစ်သည်။ ကဗျာ၊ ဝတ္ထု၊ စာပေ ဘာသာဗေဒနှင့် ပတ်သက်၍ ဆောင်းပါး၊ စာတမ်းများစွာ ရေးခဲ့သည်။ ထင်ရှားသော စာအုပ် အချို့မှာ မြန်မာဘာသာ စကား (ရုရှား ဘာသာဗေဒ ပညာရှင် သုံးဦးနှင့် ပူးတွဲ၍ ရုရှားဘာသာဖြင့်)၊ ဗီယက်နမ် စစ်ရာဇဝတ်ကောင်များ (ကျော်အောင်နှင့် တွဲဖက်ဘာသာပြန်) (၁၉၆၇)၊ သျှင်မဟာရဋ္ဌသာရ စာရင်း (သျှင်မဟာရဋ္ဌသာရ ကကိဏ္ဏက စာစု ... တွင်) (၁၉၆၈)၊ ကမ္ဘာကျော် စာအုပ်တရာ (နွယ်သစ် ဘုံကလောင် အမည်နှင့်) (ဇွန် ၁၉၇၅၊ ၁၉၉၉)၊ ပင်လယ်ဝံပုလွေ (၁၉၇၅၊ ၂ဝဝဝ) နှစ်ဆယ်ရာစု နိုင်ငံရပ်ခြား ဝတ္ထုတိုများ (၁၉၇၇)၊ ဖန်မီးအိမ် နန်းချည် ကျွမ်းအောင်နှင့် နှစ်ဆယ်ရာစုနိုင်ငံရပ်ခြား ဝတ္ထုတိုများ (၁၉၉၉) နှင့် ကဗျာအလှ ရှာပုံတော် စာပေပြိုင်ပွဲတွင် ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ ပြဇာတ် ပထမဆု ရခဲ့သည်။ ၅ အောက်တိုဘာ ၁၉၉၂ နံနက် ၉ နာရီတွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။

0 Reviews